banner1

နည်းပြဆရာအတွက်အကျိုးကျေးဇူးများ

ဘာကြောင့် Pro Net အွန်လိုင်းမှသင်ပြပေးသင့်ပါသလဲ။

 

မားကက်တင်းအထူးလုပ်ရန်မလိုခြင်း၊

Pro Net (Online Edu Portal) သည် ဆရာများစွာရှိ၍၊ သင်တန်းများစွာကို စနစ်တကျစုစည်းဖော်ပြထားပါသည်။ သို့ပါ၍ သင်ယူသူများသည် ၎င်းတို့သင်ယူလိုသောသင်တန်းများကို နှစ်သက်သောဆရာများကို အလွယ်တကူ ရှာဖွေသင်ယူနိုင်ပါမည်။ word-of-mouth marketing strategy အရ ဆရာများမှ ယခင်ကကဲ့သို့ မားကက်တင်းအတွက် အချိန်ကုန်၊ ငွေကုန် ထူးထူးထွေထွေ ပြုလုပ်စရာလိုမည် မဟုတ်ပါ။

 
 
 

ကိုယ်ပိုင် Brand Name တည်ထောင်နိုင်ခြင်း၊ မူပိုင်ခွင့်ရရှိခြင်း၊

Pro Net သည် လွတ်လပ်သော Freedom Online Edu Portal ဖြစ်သည့်အားလျှော်စွာ သင်ပြသူ (နည်းပြဆရာ) နှင့် သင်ယူသူအကြားတွင် Transparent ရှိစွာ တည်ရှိပါသည်။ နည်းပြဆရာ၏ ဆက်သွယ်ရန်အချက်အလက် (Logo, Name, Address, etc.) များကို မြင်သာစွာပြသပေးထား၍ မိတ်ဆွေ၊ သင်ယူသူများမှ လွယ်ကူစွာဆက်သွယ်နိုင်၍ Reputation ကို တည်ဆောက်နိုင်ပါသည်။

Pro Net (Freedom Online Edu Portal) စနစ်တွင် သင်တန်းများကို သက်ဆိုင်ရာဆရာများမှ ကြီးမူးဖွင့်လှစ်ပါသည်။ သို့ပါ၍ အဆိုပါသင်တန်း၏ Copy Right သည် အဆိုပါသင်တန်းဆရာနှင့်သာ သက်ဆိုင်သည်ဟု မှတ်သားပါသည်။<

 
 
 

သင်ကြား၊ စီမံမှုတခုလုံးကို စ/ဆုံး တနေရာတည်းမှပြုလုပ်နိုင်ခြင်း၊

သင်ပြသူ (နည်းပြဆရာ) များသည် ပြည်တွင်း၊ ပြည်ပမှ မြန်မာလူငယ်၊ နိုင်ငံခြားသားသင်ယူသူများစွာကို အွန်လိုင်းမှတဆင့် သင်ပြ ပေးနိုင်ပါသည်။ စင်တာသင်တန်းတွင်လုပ်ဆောင်နိုင်သော စီမံခန့်ခွဲမှုများကို ပြုလုပ်နိုင်ပါသည်။

၁၊ သင်တန်းဈေးနှုန်း၊ ဆက်တင်များသတ်မှတ်ခြင်း၊

၂၊ သင်ရိုးများကို ကိုယ်တိုင်ထည့်သွင်း၊ စီမံ၊ ပြုပြင်နိုင်ခြင်း၊

၃၊ မေးခွန်းများပြုလုပ်၍ လွယ်ကူစွာစာစစ်နိုင်ခြင်း၊ (အမှားအမှန်၊ ကွက်လပ်ဖြည့်၊ စသည့်)

၄၊ သင်ယူသူကို မိမိသင်တန်းသင်ကြားမှုအပေါ်တွင် စီမံနိုင်ခြင်း၊

၅၊ Digital အောင်လက်မှတ်ထုတ်ပေးနိုင်ခြင်း၊

စသော Learning Mgmt System တစ်ခုလုံးကို လွယ်ကူစွာ စီမံခန့်ခွဲလုပ်ဆောင်နိုင်ပါသည်။

 
 
 

Pro Net/ ITM မှ နည်းပညာ အကူအညီရယူနိုင်ခြင်း၊

Pro Net ကို ITM (Infotech Myanmar Software Agency) မှ ဦးစီးတည်ထောင်ထားပါသည်။ သို့ပါ၍ အွန်လိုင်းသင်ပြမှုနှင့် ပတ်သက်၍ နည်းပညာ အခက်အခဲများရှိလျှင် Pro Net/ ITM တွင် အကူအညီတောင်းဆိုနိုင်ပါသည်။

 
 
 

သင်ပြပေးသလောက်ဉာဏ်ပူဇော်ခရရှိခြင်း၊

သင်ခန်းစာဆက်တင်၊ သင်ရိုးတခါပြုလုပ်ပြီးလျှင် သင်ယူသူစီမံမှု၊ သင်ပြပေးမှု၊ စာစစ်ပေးမှု၊ digital အောင်လက်မှတ်ထုတ်ပေးမှုများကို အချိန်ကုန်၊ ငွေကုန်၊ လူပန်း သက်သာစွာ စီမံပြုလုပ်နိုင်ပါသည်။

သို့ပါ၍ စင်တာ၊ FB Group များတွင် သင်ပြပေးရသည်နှင့် မတူဘဲ ပြည်တွင်း၊ ပြည်ပမှ များပြားသောသင်ယူသူများကို လွယ်ကူစွာ စီမံသင်ပြပေးနိုင်၍ များစွာသောဉာဏ်ပူဇော်ခများကို ရရှိပါသည်။

 
 
 

2017 - အိုင်တီမြန်မာ မှဦးစီးတည်ထောင်သည်။