banner1

သင်ယူသူအတွက်အားသာချက်များ

ဘာကြောင့် ProNet မှတဆင့် သင်ယူသင့်ပါသလဲ။

 

မိမိနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းပညာကို ရှာဖွေတွေ့ရှိနိုင်ခြင်း၊

Pro Net Edu Portal တွင် သင်တန်းများစွာကို ဆရာအသီးသီးမှ ဖွင့်လှစ်သင်ပြပေးနေကြပါသည်။ မိမိသင်လိုသောသင်တန်းကို (၁) သင်တန်းအမျိုးအစားများဖြင့်၎င်း၊ (၂) သင်တန်းအညွှန်းဖတ်၍၎င်း၊ (၃) မန့်များဖတ်၍၎င်း၊ (၄) သင်ပြသူဆရာမှတဆင့်၎င်း၊ တိကျလွယ်ကူစွာ ရှာဖွေနိုင်ပါသည်။

 
 
 

ယုံကြည်စိတ်ချရသလို သင်တန်းဈေးနှုန်းလည်းများစွာသက်သာခြင်း၊

FB Group တွင် (၁) ဘယ်ကစသင်ယူရမလဲ၊ (၂) အကောင့်အမှန်လား၊ (၃) အကောင့်ပျက်သွားမလား၊ (၄) တကယ်ကောတတ်မှာလား စသည်များသည် ဇဝေဇဝါဖြစ်စရာများဖြစ်ပါသည်။

စင်တာသင်တန်းဆိုလျှင်လည်း (၁) သင်တန်းကြေးကြီးမြင့်နိုင်ခြင်း၊ (၂) သင်တန်းနှင့်ဝေးလံလျှင် သွားလာစရိတ်ကြီးမြင့်နိုင်ခြင်းများသည် စဉ်းစားစရာများဖြစ်ပါသည်။

Pro Net လွယ်ကူ၊ လေ့လာ၊ ပညာရှာ သည် ပညာသင်ကြား၊ သင်ယူမှုအတွက် အထူးပြုလုပ်ထားသော Online Learning System တစ်ခုဖြစ်သဖြင့် အထက်ပါအခက်အခဲများကင်းဝေးမည့်အပြင် အားသာချက်များစွာ ရရှိနိုင်ပါသည်။

 
 
 

အွန်လိုင်းသင်တန်းကို စင်တာသင်တန်းကဲ့သို့ စိတ်ချစွာသင်ယူနိုင်ခြင်း၊

System အားဖြင့် − Pro Net သည် သင်ပြသူ(နည်းပြဆရာ) များ စီမံမှု၊ သင်ကြားပြသမှုများ လွယ်ကူစွာပြုလုပ်နိုင်ရန် တည်ဆောက်ထားသလို၊ သင်ယူသူများ ပညာသင်ယူရာတွင်လည်း အဆင်ပြေလွယ်ကူမှုရှိစေရန် လိုအပ်သော Feature များကို ပြည့်စုံစွာ ထည့်သွင်းတည်ဆောက်ထားပါသည်။

သင်ပြသူဆရာများအားဖြင့် − Pro Net ဝါရင့်ကျွမ်းကျင်ဆရာများနှင့် ချိတ်ဆက်၍ အမှန်တကယ် စေတနာထား သင်ပြသူများကိုသာ ဆရာအကောင့်ဖွင့်ပေးထားပါသည်။

 
 
 

သင်ပြသူဆရာကို လွယ်ကူစွာဆက်သွယ် စာမေးနိုင်ခြင်း၊

Pro Net တွင် အခပေး၊ အခမဲ့ သင်တန်းများစွာဖွင့်လှစ်ထားပါသည်။ အခပေးသင်တန်းများကိုမူ သင်ပြသူဆရာများမှ အထူးစီမံဆောင်ရွက်ပေးနေ၍ သင်ယူသူများသည် သင်ခန်းစာနားမလည်သည်များကို မေးမြန်းသင်ယူနိုင်ပါသည်။

စာမေးစာဖြေနေရာ − သင်ခန်းစာတိုင်း၏အောက်တွင်ရှိသော သင်ခန်းစာနားမလည်သည်များကို ဆရာထံတိုက်ရိုက်မေးမြန်းသောနေရာဖြစ်ပါသည်။

ချက်ရွမ်း − Mobile Version တွင် ရှိသော ဆရာနှင့် တိုက်ရိုက် chat နိုင်သော နေရာဖြစ်ပါသည်။

* မှတ်ချက် − သင်ယူသူ သင်တန်းသားအချင်းချင်းလည်း chat နိုင်ပါသည်။

စာဝိုင်း (live) − ဆရာမှ သင်ယူသူများနှင့် live စာဆွေးနွေးသင်ပြပေးခြင်းဖြစ်ပါသည်။

 
 
 

အသိအမှတ်ပြုအောင်လက်မှတ်ထုတ်ပေးခြင်း၊

* မှတ်ချက် − အောင်လက်မှတ်ပေးသောသင်တန်းများသာ အောင်လက်မှတ်ရရှိနိုင်ပါသည်။

 
 
 

2017 - အိုင်တီမြန်မာ မှဦးစီးတည်ထောင်သည်။