banner1

နည်းပြဆရာအတွက်အသုံးပြုပုံ

သင်ပြသူ (နည်းပြဆရာ) အွန်လိုင်းသင်တန်းများဖွင့်လှစ်ပုံ အဆင့်ဆင့်

 

သင်ပြသူ (နည်းပြဆရာ) များသည် Pro Net ပေါ်တွင် သင်တန်းများကို ကိုယ်တိုင်စီမံ ဖွင့်လှစ်သင်ပြနိုင်ပါသည်။ (၁)အခပေး၊ မဲ၊ (၂) အွန်လိုင်း၊ စင်တာ၊ (၃) အောင်လက်မှတ်ပေး၊ မပေး၊ စသည့်ဆက်တင်အမျိုးမျိုးဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများစွာကို Pro Net Virtual Classroom မှတဆင့် လွယ်ကူစွာ စီမံခန့်ခွဲ၊ သင်ပြပို့ချ ပေးနိုင်ပါသည်။

အဆင့် (1) ProNet တွင် VC ရရှိရန် သင်ပြသူ (နည်းပြဆရာ) အကောင့်လျှောက်ထားပုံ

 

one  http://pronetcenter.com/apply-virtual-classroom/ မှတဆင့်ပေးထားသော “ ဖောင်” ကို ဖြည့်၍ လျှောက်ထားပါ။

two  ProNet Moderator မှ ဆက်သွယ်၊ ဖိတ်ခေါ်၊ ဆွေးနွေးမှု ပြုပါမည်။

three  သတ်မှတ်ချက်များကိုက်ညီပါက ProNet မှ သင်တန်းများဖွင့်နိုင်ရန် Account Credentials များပါသော ကြိုဆိုလွှာ Email ကို ပေးပို့ပါမည်။

အွန်လိုင်းသင်တန်း(ကျောင်း) ဖွင့်ရန်လျှောက်ထားပုံ

 အဆင့် (2) အကောင့်ဝင်ပုံ နှင့် Profile တည်ဆောက်ပုံ

 

one  ကြိုဆိုလွှာ (email) မှပါသောအချက်များကို အသုံးပြု၍ အကောင့်ဝင်ပါ။ လုံခြုံမှု အဆင့်မြင့်ဝင်ရောက်ပုံကို ကြိုဆိုလွှာတွင် ပြသထားပါသည်။

two  အကောင့်ဝင်ရောက်ပြီးနောက်တွင် မိမိ profile နေရာသို့သွား၍ လိုအပ်သော ဓာတ်ပုံ၊ စာများကို ပြည့်စုံစွာဖြည့်ပေးပါ။

အွန်လိုင်းသင်တန်း(ကျောင်း) အကောင့်၀င်ပုံနှင့် Profile ဖြည့်ပုံ

အဆင့် (3) သင်တန်းတခုဖွင့်လှစ်ပုံ

 

one  သင်တန်းခေါင်းစဉ်တခုပေးပါ၊

two  သင်တန်း setting (အခပေး၊ မဲ့)၊ (အွန်လိုင်း၊ စင်တာ)၊ (ဈေးနှုန်း)၊ များကို ရွေးချယ်သတ်မှတ်ပါ၊

three  အပိုင်း၊ အခန်း အဆင့်နှစ်ဆင့်ဖြင့် သင်ရိုးပြုလုပ်ပါ။ Section 1/ Unit 1, Unit 2, etc.

four  မေးခွန်းများပြုလုပ်ပါ။ (စာစစ်ဆေးရန်)

five  Public သို့တင်ရန် သိမ်းဆည်းကိုနှိပ်ပါ။ Pro Net Moderator မှ အတည်ပြုမှု၍ ထုတ်လွှင့်ပေးပါမည်။

အွန်လိုင်းသင်တန်း(ကျောင်း)အတွက် သင်ခန်းစာများထည့်သွင်းပုံ

အဆင့် (4) သင်ယူသူနှင့်ဆက်သွယ်ပုံ

မိမိသင်တန်းတွင် သင်ယူသူများကို သင်တန်းနေရာမှ တွေ့မြင်ရပါမည်။

 

one  သင်ယူသူကို စီမံနိုင်ခြင်း၊

two  Message ပေးပို့ခြင်း၊ ချက်ရွမ်းမှဆက်သွယ်ခြင်း၊ စာဝိုင်း(live) မှဆက်သွယ်ခြင်း၊

three  သင်ခန်းစာများအောက်မှ သင်ယူသူများ၏မေးမြန်းမှုများကို စစ်ဆေး၊ ဖြေကြားပေးခြင်း၊

four  သင်ယူသူများ၏ စာဖြေလွှာများကို အမှတ်ပေးခြင်း၊

five  အောင်လက်မှတ် ထုတ်ပေးခြင်း (ပေးလျှင်)၊

အဆင့် (5) သင်ပြပေးမှုမှ ရရှိသောဉာဏ်ပူဇော်ခထုတ်ယူခြင်း

 

  Pro Net မှ (၁) Delivery၊ (၂) collect fee၊ (၃) အခပေးသင်တန်းကို သင်ယူသူစတက်နိုင်ရန်ဖွင့်ပေးခြင်း၊ စသည့် လိုအပ်သော operation များ ဆရာ့ကိုယ်စားပြုလုပ်ပေးပါမည်။

  စုစုပေါင်းသင်ယူသူများ၊ ရရှိဉာဏ်ပူးဇော်ခများကို Instructor Dashboard တွင် တွေ့ရပါမည်။ ရရှိဉာဏ်ပူးဇော်ခများကို ပြန်လည်လွှဲပြောင်းထုတ်ပေးပါသည်။

2017 - အိုင်တီမြန်မာ မှဦးစီးတည်ထောင်သည်။