banner1

သင်ယူသူအတွက်အသုံးပြုပုံ

အွန်လိုင်းမှသင်ယူပုံအဆင့်ဆင့် (how to learn)

 

ယနေ့အလုပ်ရှာ၊ ပညာရှာလူငယ်များသည် ၎င်းတို့ သင်ယူလိုသောသင်တန်းများကို အမှန်ဆုံး၊ အမြန်ဆုံးရှာဖွေနိုင်၍ မိမိနှစ်သက်သောဝါရင့်ကျွမ်းကျင်ဆရာထံမှ အလွယ်ကူဆုံးသင်ယူနိုင်ပါပြီ။

အွန်လိုင်းမှသင်ယူရလွယ်ကူသော ကွန်ပျူတာ၊ ဘာသာစကား၊ အင်ဂျင်နီယာ၊ ဒီဇိုင်းစသော “ အွန်လိုင်း” သင်တန်းများ၊ အွန်လိုင်းမှာစာတွေ့(Theory)တဝက်၊ စင်တာတွင်လက်တွေ့(Practical)တဝက် သင်ယူရသော “ စင်တာ” သင်တန်းများကို Pro Net မှတဆင့် လွယ်ကူ၊လေ့လာ၊ပညာရှာ နေနိုင်ပါပြီ။

အဆင့် (၁) သင်ယူသူ အကောင့်ပြုလုပ်ပုံ

 

  http://pronetcenter.com/student-registration/ တွင် မိမိ Phone No. ထည့်သွင်းပါ၊

  ၎င်းနောက် SMS မှ ရသော code 5 လုံးကို အတည်ပြုမှာ ပြန်ထည့်သွင်းပါ၊

  ထို့အဆင့်ပြီးနောက် Facebook အကောင့်ဖြင့် အကောင့်ဝင်နိုင်ရောက်ပါ၊

  “ ကိုယ်ရေးပြုပြင်” ကို နှိပ်၍ မိမိပုံ၊ အကြောင်းအရာများကို ဖြည့်သွင်းပါ၊

မှတ်ချက် − အဆိုပါ ဓာတ်ပုံ၊ နာမည် စသည်တို့ကို Digital အောင်လက်မှတ်တွင် အသုံးပြုပါသည်။

အဆင့် (2) မှန်ကန်စွာသင်တန်းရှာဖွေပုံ

 

  သင်တန်း Category များကိုလေ့လာပါ၊

  အခပေး၊ အခမဲ့ ဆိုတာကိုလေ့လာပါ၊

  အွန်လိုင်းမှသင်ယူ၊ စင်တာတွင်တက်ရောက် ဆိုတာကိုလေ့လာပါ၊

  သင်တန်းအညွှန်း များ၊ ရရှိခဲ့သောမန့်များ နှင့် အောင်လက်မှတ် ပါ/မပါဆိုတာကို လေ့လာပါ။

* မှတ်ချက် − ပိုမိုပြည့်စုံစေရန် Learning Path ကို လိုအပ်လျှင် Pro Net မှအဆင့်မြှင့်ပေးပါမည်။

အဆင့် (3) သင်တန်းအပ်နှံပုံ (အခပေး၊မဲ့)

 

  သင်ယူလိုသောသင်တန်းစာမျက်နှာတွင် “ သင်ယူရန်” ခလုတ်ကို ကလစ်နှပ်ပါ၊

  အခပေးဆိုလျှင် ဝယ်ယူမှု အဆင့်များကို ပြုလုပ်ပါ၊

  ဘဏ်မှငွေလွှဲ (သို့) ပစ္စည်းရောက်ငွေချေ (သို့) တခြားပေးချေပုံ စသည့်ငွေပေးချေမှုတခုကိုရွေးပါ။

  ငွေပေးချေပြီးကြောင်းအတည်ပြုနိုင်ရန် “ ဖြတ်ပိုင်း” (သို့) “ Screen Shot” ဓာတ်ပုံ ကို “ ငွေပေးချေမှုအတည်ပြုနေရာ” မှ Pro Net သို့ ပြန်လည်ပေးပို့ရပါမည်။

  စီမံသူမှ အတည်ပြုပြီးငွေပေးချေသူများကို သင်တန်းဝင်ရောက်ခွင့် ဖွင့်လှစ်ပေးလိုက်ပါ၍ သင်ယူသူမှစတင်သင်ယူနိုင်ပါမည်။

အဆင့် (4) သင်တန်းစနစ်တကျသင်ယူပုံ

 

  ဆရာမှကြိုတင်စီမံထားသော သင်ခန်းစာများကို ဖတ်ရှုသင်ယူပါ၊

  နားမလည်သည်များကို သင်ခန်းစာအောက်ရှိ ” စာမေးစာဖြေနေရာ” မှ ဆရာကိုတိုက်ရိုက်မေးမြန်းနိုင်ပါတယ်၊

  ထို့အပြင် Pro Net ရှိ “ real-time chat” ၊ “ စာဝိုင်း(live)” မှလည်း စာမေးမြန်းနိုင်ပါသည်၊

  ဆရာပေးထားသော “ မေးဖြေများ” ကို ဖြေဆိုပါ (ရှိလျှင်)၊

အဆင့် (5) သင်တန်းပြီးစီးပုံ

 

  ဆရာမှသင်ရိုးပြည့်ဝစွာသင်ပြပြီးနောက်တွင်စာစစ်မေးမြန်းမှုကို အောင်မြင်အောင်ဖြေဆိုပါ။ သင်တန်းအောင် “ Digital Certificate” လက်မှတ်ကို ဆရာထံမှ တောင်းဆိုပါ (ပေးလျှင်)၊

  Digital အောင်လက်မှတ်ပါ code ကို http://pronetcenter.com/certificate-code-page/ တွင်စစ်ဆေးပါ၊

သင်တန်းသင်ယူပြီးနောက်တွင်လည်း ရှေ့ဆက်၍ မိမိလုပ်ငန်းခွင်အခက်အခဲများ၊ အတွေ့အကြုံများကို နည်းပြဆရာများမှ ဦးစီးဖွင့်ထားသောဖိုရမ်အခန်းများတွင် ဝင်ရောက်ပါဝင်၍ မေးမြန်း၊ ဆွေးနွေးနိုင်ပါသည်။ * မှတ်ချက် − Forum Feature ကို မကြာမှီလွှင့်ပါမည်။

မိမိကိုပညာသင်ပြပေးသူဆရာကို လေးစား၍ ယဉ်ကျေးသောစကားကိုဆိုပြီးအသက်မွေးဝမ်းကျောင်းပညာရပ်များကို လွယ်ကူစွာ သင်ယူပါ။(Pro Net)။

2017 - အိုင်တီမြန်မာ မှဦးစီးတည်ထောင်သည်။