banner1

သင်ပြသူ (နည်းပြဆရာ) အကောင့်လျှောက်ခြင်း

ProNet တွင် သင်ပြသူ (နည်းပြဆရာ) အကောင့် လျှောက်ထားခြင်း

ဆရာအကောင့်ဆိုသည်မှာ Pro Net (Online Edu Portal) ပေါ်တွင် Virtual Classroom တခုကို စီမံခန့်ခွဲနိုင်သော အကောင့်အမျိုးအစားဖြစ်သည်။ ၎င်း Virtual Classroom မှတဆင့် နည်းပြဆရာသည် (အခပေး၊ မဲ့) (အွန်လိုင်း၊ စင်တာ) ကွန်ပျူတာ၊ ဘာသာစကား၊ ဒီဇိုင်း၊ အင်ဂျင်နီယာ၊ လက်မှု စသော အသက်မွေးဝမ်းကျောင်းသင်တန်းများစွာကို စီမံဖွင့်လှစ်နိုင်ပါသည်။

ProNet မှ သင်ပြသူအကောင့်ပေးအပ်၊ အသိအမှတ်ပြုပုံ

ဆရာအကောင့်တခုသည် သင်တန်းပေါင်းများစွာကို စီမံ၊ ဖွင့်လှစ်၊ သင်ပြပေးနိုင်သော အဆင့်မြင့်အကောင့်အမျိုးအစား ဖြစ်ပါသည်။ သို့ပါ၍ သင်ပြသူ (နည်းပြဆရာ) အကောင့်လျှောက်ထားသူများကို မိမိတို့ Pro Net Moderator အဖွဲ့မှ စီစစ်၍ ပြန်လည်ဆက်သွယ်ပါမည်။

  ProNet တွင် ဖိတ်ခေါ်၍၎င်း

Viber, Phone Line များမှ၎င်း  ဆက်သွယ်ဆွေးနွေးပါမည်။

အွန်လိုင်းသင်တန်းဖွင့်လှစ်နိုင်ရန်အကူအညီများ

  စာ၊ ပုံ၊ အသံ၊ ဗီဒီယိုများ (content)၊ သင်ရိုးညွှန်းတမ်းပြုလုပ်မှုတွင် ကူညီခြင်း၊

  ၎င်းတို့ကို အင်တာနက်ပေါ်သို့ upload တင်ပေးခြင်း၊

  Pro Net စနစ်နှင့် ပတ်သက်၍ မေးမြန်းမှုများ၊ အခက်အခဲများကို ဖြေရှင်းပေးခြင်း၊

  နည်းပြဆရာကိုယ်စား (လိုအပ်လျှင်) သင်ယူသူထံသို့ သင်ထောက်ကူများပေးပို့ပေးခြင်း၊

  Delivery စီမံပေးခြင်း၊ ငွေလွဲလက်ခံပေး၍ သင်ယူသူကိုသက်ဆိုင်ရာအခပေးသင်တန်းစတင်သင်ယူခွင့်ပေးခြင်း၊ ဆရာကိုရရှိငွေပြန်လည်ထုတ်ပေးခြင်း၊

စင်တာသင်တန်းဖွင့်လှစ်နိုင်ရန်အကူအညီများ

Pro Net စင်တာသင်တန်းဆိုသည်မှာ − အွန်လိုင်းမှစာတွေ့များသင်ပြ၍ + စင်တာတွင်လက်တွေ့များစမ်းသပ်လေ့ကျင့်စေသော သင်တန်းများကို ဆိုလိုပါသည်။ သို့ပါ၍ စင်တာနေရာနှင့်ဝေးလံသောနေရာများမှ သင်ယူသူများ ပုံမှန် “ ၂လ” သင်တန်းကို “ ၁၀ ရက်” ဖြင့် လွယ်ကူစွာ သင်ယူဆည်းပူးနိုင်ပါမည်။
 
  သင်ရိုးညွှန်းတမ်းပြုလုပ်မှုတွင်ကူညီပေးခြင်း၊

  (Word-of-Mouth Marketing) Pro Net မှအကျိုးကျေးဇူးကို ရရှိခြင်း၊

  Pro Net စနစ်နှင့် အခက်အခဲများ၊ မေးမြန်းသည်များကိုဖြေရှင်းပေးခြင်း၊

  Delivery စီမံပေးခြင်း၊ ငွေလွဲလက်ခံပေးခြင်း၊ အွန်လိုင်းမှစာတွေ့အရင်သင်ယူနိုင်စေရန် အကောင့်ဖွင့်ပေးခြင်း၊ စသည့်လိုအပ်သော operation များလုပ်ကိုင်ပေးခြင်း၊

  ရရှိသောဉာဏ်ပူဇော်ခများကို ဆရာထံသို့လွဲပြောင်းပေးခြင်း၊
 
Pro Net တွင် စင်တာသင်တန်းဖွင့်ခြင်းဖြင့် အထက်ပါအခွင့်အရေးများအပြင် Online Learning Mgmt System ၏ အကျိုးကျေးဇူးများစွာကိုလည်း ရရှိပါမည်။

ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်




2017 - အိုင်တီမြန်မာ မှဦးစီးတည်ထောင်သည်။