banner1

ProNet သိကောင်းစရာ (About ProNet)

Pronet Learning Portal သိကောင်းစရာ (About Pronet)

 

မှတဆင့် − သင်ပြသူ (နည်းပြဆရာ) များ အွန်လိုင်းသင်တန်းများကို လွယ်ကူစွာ စီမံဖွင့်လှစ် “ သင်ပြ” ကြပါသည်။

မှတဆင့် − သင်ယူသူများသည်လည်း မိမိသင်ယူလိုသောသင်တန်းများကို မိမိတို့နှစ်သက်သော ဆရာများထံမှ တိုက်ရိုက် “ သင်ယူ” ကြပါသည်။

Pronet ဆိုသည်မှာ − Online Learning Mgmt System တခုဖြစ်ပါသည်။ သင်ပြသူဆရာများ နှင့် သင်ယူသူလူငယ်များ အချင်းချင်းချိတ်ဆက်၍ “ သင်ပြ”  နှင့် “ သင်ယူ” မှုများကို အွန်လိုင်းမှတဆင့် ပြုလုပ်နိုင်သော မြန်မာတို့၏ 1# “ Freedom online Learning Portal”  ဖြစ်ပါသည်။

 

အဓိပ္ပါယ်ဖွင့်ဆိုချက်များ
သင်ပြသူဆရာများ (Instructors) − ဆိုသည်မှာ ကွန်ပျူတာ၊ ဘာသာစကား စသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို Virtual Classroom မှတဆင့် စီမံဖွင့်လှစ်သင်ပြပေးနေသော “ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင် ဆရာများ” ဖြစ်ပါသည်။

သင်ယူသူများ (Students) −  ဆိုသည်မှာ သင်ယူလိုသောသင်တန်းများကို နှစ်သက်သောဆရာများထံမှ  (Online Edu Portal) မှတဆင့် လွယ်ကူ၊ လေ့လာ၊ ပညာရှာ နေကြသော “ ပြည်တွင်း၊ ပြည်ပမှ အလုပ်ရှာ၊ ပညာရှာမြန်မာများ နှင့် နိုင်ငံခြားသားများ” ဖြစ်ပါသည်။

အွန်လိုင်းကျောင်း (Virtual Classroom) − ဆိုသည်မှာ “ အွန်လိုင်းပေါ်တွင်ရှိသော သင်တန်းအခန်းတခု” ဖြစ်ပါသည်။ အဆိုပါ သင်တန်းအခန်းမှနေ၍ ကွန်ပျူတာ၊ ဘာသာစကား စသော သင်တန်းများစွာကို ဆရာများမှ ကိုယ်တိုင်စီမံဖွင့်လှစ်သင်ပြပေးနေကြသလို၊ သင်ယူသူများမှလည်း စင်တာသင်တန်းတက်ရသကဲ့သို့ နားမလည်သည်များကို ဆရာကို တိုက်ရိုက်မေးမြန်းသင်ယူနိုင်ပါသည်။

သင်ကြားစီမံမှုစနစ် (Learning Mgmt) − ဆိုသည်မှာ သင်ပြသင်ယူလုပ်ငန်းစဉ် စီမံခန့်ခွဲပြုလုပ်နိုင်သော စနစ်ဖြစ်ပါသည်။ စာသင်ပြပေးခြင်းမှသည် စာမေးပွဲစစ်ပေးခြင်း၊ Digital အောင်လက်မှတ်ထုတ်ပေးခြင်းအထိအစမှအဆုံးအထိ ပြုလုပ်နိုင်ပါသည်။

 

ကျွန်ုပ်တို့၏ဆောင်ပုဒ် (motto)

 

အလုပ်ရှာ၊ အသက်မွေးဝမ်းကျောင်းပြုရန် အသက်မွေးဝမ်းကျောင်းပညာရပ်များစွာရှိပါသည်။ ပညာရပ်တိုင်း သူ့နေရာနှင့်သူ လိုအပ်အသုံးဝင်နေပါသည်။

 

လူတိုင်းမိမိအသက်မွေးဝမ်းကျောင်းအတွက် မိမိစိတ်ဝင်စားဝါသနာပါသော၊ အတတ်ပညာရပ်များကို အလွယ်တကူ ရှာဖွေလေ့လာ၊ သင်ယူတတ်မြောက်၍ အသုံးချနိုင်ရမည်။

 

Pronet ၏ရည်မှန်းချက် (3) ရပ်

 

သင်ယူသူများ (Students) အတွက် − လိုအပ်သောအသက်မွေးဝမ်းကျောင်းပညာရပ်များကို အချိန်ကုန်၊ ငွေကုန်သက်သာစွာဖြင့် သင်ယူနိုင်၍ သည် သင်ယူသူများအတွက် “Utmost Affordable Edu Portal” ဖြစ်စေရန်၊

နည်းပြဆရာများ (Instructors) အတွက် − တတ်သိပညာများကို သင်ပြ၊ ပို့ချပေးနိုင်ပြီး ထိုက်တန်သော အကျိုးကျေးဇူးများကို ပြန်လည်ရနိုင်၍ သည် နည်းပြဆရာများအတွက် “ Utmost Accountable Edu Portal” ဖြစ်စေရန်၊

အားလုံး (Communities) အတွက် − အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဝေငှ၊ သင်ပြ၊ သင်ယူ၊ ဆည်းပူးနိုင်၍ အတတ်ပညာရှင်များမွေးထုတ်ပေးနေ၍ သည် Communities အားလုံးအတွက် “Utmost Reliable Edu Portal” ဖြစ်စေရန်၊ တို့ရည်ရွယ်ပါသည်။

 

 

2017 - အိုင်တီမြန်မာ မှဦးစီးတည်ထောင်သည်။